ကုန်းပြင်မြင့် စနိုက်ပါသမားများသည် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများပြုလုပ်

(GMT+08:00)2022-09-06 14:32:11  

    လွန်ခဲ့သည့်ရက်များတွင် အမြင့် ၄၅၀၀ မီတာရှိ ကုန်းပြင်မြင့်ဒေသတွင် ၇၇ တပ်မဟာ မှ စနိုက်ပါ သမားများသည် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ ကြမ်းတမ်းသော ပတ်ဝန်းကျင်များတွင် စနိုက်ပါသမားများ၏ တိကျသော စနိုက်ပါ ပစ်ခတ်နိုင်စွမ်းနှင့် ညှိနှိုင်းတိုက်ခိုက်နိုင်စွမ်းကို လေ့ကျင့်ပေးခဲ့သည်။ ယခုအကြိမ် လေ့ကျင့်မှုသည် ပါဝင်ကြသည့် စစ်သားများ၏ ကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို လေ့ကျင့်ပြီး ဘက်စုံ စနိုက်ပါသမားများကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ထားကြောင်း သတင်းရရှိပါသည်။