တရုတ်နိုင်ငံသို့ ချစ်ပ် တင်ပို့မှု ကန့်သတ်ခြင်းသည် နောက်ဆုံးတွင် တန်ပြန် တိုက်ခိုက် ခံရမည် ဖြစ်သည်

(GMT+08:00)2022-09-06 14:01:29  

အမေရိကန်သည် မကြာသေးမီက "၂၀၂၂ ချစ်ပ်နှင့် သိပ္ပံအက်ဥပဒေ" ကို ထုတ်ပြန်ခဲ့ပြီး ချစ်ပ်ကုမ္ပဏီများအား တရုတ်ဈေးကွက်ကို စွန့်ခွာဖို့ တွန်းအားပေးရန် ရည်ရွယ်သည်။ ချစ်ပ် ဒီဇိုင်နာကုမ္ပဏီ Nvidia က အမေရိကန် အရာရှိများက ၎င်းအား တရုတ်နိုင်ငံသို့ နောက်ဆုံးပေါ် အဆင့်မြင့် အေအိုင် ချစ်ပ်နှစ်မျိုး တင်ပို့ခြင်းကို တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်၏ လုပ်ရပ်သည် ကမ္ဘာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်များကို ဖြိုခွဲပြီး သိသာထင်ရှားသော သိပ္ပံနည်းပညာ ဗိုလ်ကျစိုးမိုးမှု ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ချစ်ပ်ဈေးကွက်ဖြစ်သည်။ အမေရိကန်သည် တစ်ပိုင်း လျှပ်ကူးပစ္စည်းကုမ္ပဏီများအား တရုတ်နိုင်ငံသို့ တင်ပို့ခြင်းကို လုံးဝ တားမြစ်ပါက အမေရိကန် တစ်ပိုင်း လျှပ်ကူးပစ္စည်းကုမ္ပဏီများသည် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၁၈ ရာခိုင်နှုန်း နှင့် ဝင်ငွေ ၃၇ ရာခိုင်နှုန်း ဆုံးရှုံးမည်ဖြစ်ပြီး ကျွမ်းကျင်မှုမြင့်မားသော အလုပ်အကိုင် နေရာပေါင်း ၁၅၀၀၀ မှ ၄၀၀၀၀ အထိ လျှော့ချစေလိမ့်မည်ဟု ဘိုစတိန် အတိုင်ပင်ခံကုမ္ပဏီမှ ခန့်မှန်းထားသည်။