ဆိုက်ဘာပစ်မှတ်များပေါ် ဆိုးရွားစွာ တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကန်အား ရှင်းပြရန်နှင့် တရားမဝင် လုပ်ရပ်များကို ချက်ချင်း ရပ်တန့်ရန် တရုတ်ပြည်က တောင်းဆို

(GMT+08:00)2022-09-06 14:33:18  

    အမေရိကန် သက်ဆိုင်ရာလုပ်ငန်းဌာနက တရုတ်ပြည်၏ ဆိုက်ဘာပစ်မှတ်များကို ဆိုးရွားစွာ တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မော်နင်က အမေရိကန်၏ လုပ်ရပ်သည် တရုတ်နိုင်ငံတော် လုံခြုံရေးနှင့် တရုတ်ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို တရုတ်ပြည်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး အမေရိကန်အား ရှင်းပြချက် ထုတ်ပြန်ရန်နှင့် တရားမဝင် လုပ်ရပ်များကို ချက်ချင်း ရပ်တန့်သွားရန် တောင်းဆိုကြောင်း ယမန်နေ့ ၅ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။