တရုတ်သိပ္ပံနည်းပညာကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်မှ ကန့်သတ် ချုပ်ချယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကိုယ်တိုင်ပဲ ထိခိုက်သွားမည်ဟု ပြောကြား

(GMT+08:00)2022-09-06 14:35:04  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်မှ အစိုးရအာဏာကို အသုံးပြုပြီး တရုတ်ကုမ္ပဏီများအား ဖိနှိပ်ခြင်းအပေါ် စိုးရိမ်မိကြောင်း၊ သိပ္ပံနည်းပညာသည် လူသားတစ်ရပ်လုံးအား အကျိုးပြုစွမ်းဆောင်သင့်ပြီး၊ အခြားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ချုပ်ချယ်သည့် နည်းလမ်း မဖြစ်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု China Meida Group မှ သတင်းအရ သိရသည်။

ဘိုင်ဒင်အစိုးရသည် အမေရိကန်မှ တရုတ်သိပ္ပံနည်းပညာကုမ္ပဏီများတွင် ရင်းနှီး မြှုပ်နှံမှုများကို ကန့်သတ်ချုပ်ချယ်ရန် ဆွေးနွေးလျက် ရှိသည်ဟု သတင်းအရသိရသည်။