တရုတ်နိုင်ငံထုတ် Wing Loong-2H UAV မောင်းသူမဲ့ လေယာဉ်သည် ငလျင်ဖြစ်ပွားရာ ဒေသသို့ ဝင်ရောက်

(GMT+08:00)2022-09-06 14:05:49  

စက်တင်ဘာလ ၅ရက်နေ့ နေ့လယ် ၁၂နာရီ ၅၂ မိနစ်က တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ဇန့် လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ လူတင့် ခရိုင်တွင် ပြင်းအား ၆.၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပါသည်။ ညနေ ၃နာရီ ၅၇ မိနစ်တွင် Wing Loong-2H UAVအရေးပေါ် ကယ်ဆယ်ရေးမောင်းသူမဲ့လေယာဉ်အား ယင်း ငလျင်ဖြစ်ပွားရာ ဒေသသို့ အရေးပေါ် စေလွှတ်ပြီး ညနေ ၆နာရီ ၄၄ မိနစ်တွင် မစ်ရှင်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကာ အရေးပေါ် ဆက်သွယ်ရေး အာမခံပေးရန် အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။

Wing Loong-2HUAV မောင်းသူမဲ့ လေယာဉ်သည် ကောင်းကင်ယံ အရေးပေါ် ဆက်သွယ်ရေး ကွန်ရက်ကို ဖေါ်ဆောင်ပေးခဲ့ပြီး ဘေးသင့်ဒေသ၏ အခြေအနေကို အချိန်နှင့် တစ်ပြေးညီ ပြန်လည်ပေးပို့၍ ကွပ်ကဲရေးစင်တာအတွက် စီမံခန့်ခွဲရန် အထောက်အကူပြုပြီး ကယ်ဆယ်ရေးအဖွဲ့ စုဝေးခြင်းနှင့် ကယ်ဆယ်ရေးအတွက် ခိုင်မာသော အာမခံချက်ကို ပေးခဲ့ပါသည်။