ကန်သမ္မတ ဘိုင်ဒင်က လူတိုင်းသည် လူမိုက် ဖြစ်ခွင့်ရှိသည်ဟု ကန့်ကွက်သူများအား တုံ့ပြန် ပြောကြား

(GMT+08:00)2022-09-06 14:34:26  

ဒေသစံတော်ချိန် စက်တင်ဘာလ ၅ ရက်နေ့က Wisconsin ပြည်နယ် Milwaukee ၌ အမေရိကန်သမ္မတ ဘိုင်ဒင်သည် အလုပ်သမားများနေ့နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြား ရာတွင် လူအချို့သည် ၎င်း၏ မိန့်ခွန်းကို နှောင့်ယှက်ရန် ကြိုးစားခဲ့ကြောင်း၊ ဘိုင်ဒင်က လူတိုင်းသည် လူမိုက် ဖြစ်ခွင့်ရှိသည်ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယင်းမတိုင်ခင်က Philadelphia မြို့၌ ဘိုင်ဒင်သည် မိန့်ခွန်းပြောကြားရာတွင် ကန့်ကွက်သူများသည် ဘိုင်ဒင်ကို ဆန့်ကျင်သော ကြွေးကြော်သံကို အော်ဟစ်ပြီး ၎င်း၏ မိန့်ခွန်းကို နှောင့်ယှက်ရန် ကြိုးစားခဲ့ပါသည်။ ယင်းအပေါ် ဘိုင်ဒင်က ကန့်ကွက်သူ များသည် ပုံမှန် မဟုတ်သော အပြုအမူ လုပ်ခွင့်ရှိကြောင်း၊ ၎င်းတို့သည် ကောင်းမွန်သော အကျင့်စာရိတ္တဆိုင်ရာ ပညာရေး မရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။