စီချွမ်း မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘေးသင့်ဒေသများအတွက် နေ့စဉ်သုံးပစ္စည်း ထောက်ပံ့မှုကို ကောင်းမွန်စွာလုပ်ဆောင်ရန် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနလမ်းညွှန်

(GMT+08:00)2022-09-06 15:53:13  

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် လူတင့်ခရိုင်တွင် မြေငလျင် လှုပ်ခတ်မှုဖြစ်ပွား ပြီးနောက် ဈေးကွက်ကြီးကြပ်မှုကို ကောင်းမွန်စွာလုပ်ဆောင်ရန်၊ ဒေသခံ နေ့စဉ်သုံးပစ္စည်း ဈေးကွက်အခြေအနေကို လျင်မြန်စွာ လေ့လာသိရှိရန်၊ ကုန်စည်ထောက်ပံ့မှုနှင့် အရောင်းအဝယ် ချိတ်ဆက်မှုကို အားသစ်လောင်းပေးရန်၊ ဈေးကွက် ထောက်ပံ့မှုကို အာမခံပေးရန် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် စီချွမ်းပြည်နယ် ကုန်သွယ်ရေးဦးစီး ဌာနအား အချိန်မီ လမ်းညွှန်ခဲ့ပါသည်။ လက်ရှိ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ဂန်ဇီ ဇန့်(တိဘက်)လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် စီးပွားဖြစ် အရံစားနပ်ရိက္ခာ၊ စားသုံးဆီ၊ အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ အလွယ်တကူ စားသုံးနိုင်သောအစားအစာ၊ သောက်သုံးရေ၊ ပိုးသတ်ဆေးနှင့် နှာခေါင်းစည်း အရေအတွက် လုံလောက်ပြီး ဒေသခံ နေ့စဉ်သုံးပစ္စည်းဈေးကွက် တည်ငြိမ်ကာ ဘေးသင့်ဒေသပြည်သူများ၏ နေထိုင်မှု လိုအပ်ချက်ကို အာမခံပေးနိုင်သည်ဟုChina Media Group က ရေးသားဖော်ပြပါသည်။