စီချွမ်းတွင် ၆့၈အဆင့် ပြင်းအားရှိငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ရှီကျင့်ဖိန် အရေးကြီးညွှန်ကြားချက် ထုတ်ပြန်

(GMT+08:00)2022-09-06 14:36:13  

ပီကင်း စံတော်ချိန် ယခုလ ၅ ရက်နေ့ ၁၂ နာရီ ၅၂ မိနစ်တွင် တရုတ်ပြည် စီချွမ်းပြည်နယ် ကန်းဇီ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ လူတင့်ခရိုင်၌ ပြင်းအား ၆့၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ် ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိကာ ရေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက်များ ကို ထုတ်ပြန်ခဲ့ရာ အသက် ကယ်ဆယ်ရေးကို ထိပ်ဆုံးနေရာတွင် ထားပြီး ဘေးသင့် ပြည်သူများအား အစွမ်းကုန် ကူညီကယ်ဆယ်ကာ အသေအပျောက် တတ်နိုင်သမျှ နည်းပါးစေရန် ကြိုးပမ်းဆောင်ရွက် ရမည် ဖြစ်ကြောင်း ဖော်ပြသည်။