စီချွမ်းပြည်နယ်သည် မြေငလျင် အရေးပေါ် တုံ့ပြန်မှုကို ဒုတိယအဆင့်မှနေ ပထမအဆင့်သို့ မြှင့်တင်ပြီး အရေးပေါ် ကယ်ဆယ်ရေးပြုလုပ်ရန် လူ ၆၅၀၀ ကျော်သည် ဘေးသင့်ရာဒေသသို့ သွားရောက်

(GMT+08:00)2022-09-06 13:55:48  

စီချွမ်းပြည်နယ် မြေငလျင်ကယ်ဆယ်ရေးဌာနသည် မြေငလျင် အရေးပေါ် တုံ့ပြန်မှုကို ဒုတိယအဆင့်မှနေ ပထမအဆင့်သို့ မြှင့်တင်နေပြီဖြစ်ကြောင်း စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စီချွမ်းပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးစင်တာမှ သတင်းအရ သိရပါသည်။

အရေးပေါ် တုံ့ပြန်မှု စတင်ပြီးနောက် စီချွမ်းပြည်နယ်သည် အမျိုးသား အထွေထွေ မီးသတ် ကယ်ဆယ်ရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ကျွမ်းကျင်သူကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးဘက် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ စသည့် ကယ်ဆယ်ရေးအင်အား စုစုပေါင်း လူ ၆၅၀၀ကျော်ကို ကယ်ဆယ်ရေး စက်ပစ္စည်းများနှင့်အတူ လူတင့်ခရိုင်၊ ရှီမြန်ခရိုင်သို့ စေလွှတ်ပြီး ဘေးအန္တရာယ် စုံစမ်းစစ်ဆေးမှုနှင့် အရေးပေါ် ကယ်ဆယ်မှုများကို ဆောင်ရွက်နေခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။