တောင်နက်ထဲက "မီနီကျောင်း" စတင်ဖွင့်လှစ်

(GMT+08:00)2022-09-05 10:41:44  

တရုတ်နိုင်ငံ ဖူကျန့် ပြည်နယ် ဘိုင်ယူရွာ၌ Fengji မူလတန်းကျောင်း ဟုခေါ်သော ကျေးလက် စာသင်ကျောင်းတစ်ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၂ ဦးနှင့် ကျောင်းသား ၅ ဦးရှိကာ ကျောင်းသားများအားလုံးမှာ မိဘနှင့် အတူနေကြသော ကလေးများ မဟုတ်ပါ။ ယင်းစာသင်ကျောင်းသည် "မီနီကျောင်း"ဖြစ်သော်လည်း စမတ် စာသင်ခန်းသုံး စက်ပစ္စည်းများ၊ စာဖတ်ခန်း၊ အားကစားပစ္စည်းများ အပြည့်အစုံရှိသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် Fengji မူလတန်းကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်ကစပြီး Fengji မူလတန်းကျောင်း၌ ပညာသင်ပေးသောဆရာ Lin Wanzhu က "ကျောင်းမှာ ကျောင်းသားတစ်ယောက်ရှိနေသမျှ ကျွန်တော့်အနေနှင့် ဆရာတာဝန်ကို နောက်ဆုံးအထိ ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်" ဟုပြောသည်။