၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာဝန်ဆောင်မှု ကုန်သွယ်ရေးကုန်စည်ပြပွဲ၏ Public Open Day ကျရောက်ခဲ့

(GMT+08:00)2022-09-05 14:22:18  

စက်တင်ဘာလ ၃ ရက်နေ့မှ ၄ရက်နေ့အထိ ပီကင်းမြို့တွင် ၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာဝန်ဆောင်မှု ကုန်သွယ်ရေးကုန်စည်ပြပွဲ၏ Public Open Day ကျရောက်ခဲ့ပါသည်။ ပရိသတ်အမြောက်အမြားသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး ကုန်ပစ္စည်းများကို ထိတွေ့ခံစားကြပြီး အာရုံစိုက်ကြပါသည်။ ယခုအကြိမ် CIFTISကုန်စည် ပြပွဲ၏ဆောင်ပုဒ်မှာ“ဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပြီး အစိမ်းရောင် ဆန်းသစ်တီထွင်မှုဖြင့် အနာဂတ်ကိုကြိုဆိုခြင်း” ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး ဝန်ဆောင်မှု ကုန်သွယ်ရေး နောက်ဆုံးပေါ် နည်းပညာနှင့် အသုံးပြုရေးကို စုစည်းပြီး online နှင့် offline ပေါင်းစပ်သောနည်းလမ်းဖြင့် အထွေထွေပြပွဲ ၁ပွဲ နှင့် သီးသန့်ပြပွဲ ၉ပွဲတို့ကို ထားရှိပြီး အကျယ်အဝန်း စုစုပေါင်းစတုရန်းမီတာ ၁သိန်း ၅သောင်း ၂ထောင် ရှိပါသည်။ ထို့အပြင် Metaverseနှင့် မျိုးဆက်သစ် အင်တာနက် စသည့် နည်းပညာနှင့် အသုံးချမှုများကို ပြသရန်အတွက် Metaverse Experience Hallကိုလည်း ထားရှိခဲ့ပါသည်။