ထိုင်းမိုးလေဝသဌာန ဇလဗေဒဗျူရိုက စက်တင်ဘာလ ၇ ရက်နေ့မှ ၁၂ရက်နေ့အထိသည် ပင်လယ်ရေ မြင့်တက်ကာလဖြစ်ပြီး မကြာမီရက်များတွင် မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းခြင်းကြောင့် Chao Phraya မြစ်ညာဒေသတွင် ရေကြီးမှု ဖြစ်ပွားခဲ့သဖြင့် ဘန်ကောက်မြို့တော်တွင် ပင်လယ်ရေ ကုန်းတွင်းပိုင်းသို့ ပြန်စီး နိုင်ရန်နှင့် ကုန်းတွင်းပိုင်း ရေအိုင်များ ဖြစ်တည်နိုင်ရန် အန္တရာယ်များနှင့် ကြုံတွေ့မည် ဖြစ်ကြောင်း၊ နည်းလမ်းမျိုးစုံဖြင့် မြစ်ကြောင်းရှင်းပြီး ရေမြောင်းပိတ်ဆို့မှုများကို အချိန်မီ ဖယ်ရှားပေးရန် လိုကြောင်း စက်တင်ဘာလ ၄ရက်နေ့က သတိပေးပြောကြားခဲ့ပါသည်။ ထိုင်း ယာယီ ဝန်ကြီးချုပ်သည် သက်ဆိုင်ရာဌာနများအား လူအင်အား အရေးပေါ် စေလွှတ်ပြီး ဘန်ကောက်မြို့ရှိ ရေစီးဆင်းမှုကို တားဆီးနေသော အမှိုက်များနှင့် အပင်များကို ဖယ်ရှားပေးရန် မကြာမီက အမိန့်ချခဲ့ပြီဖြစ်ပါသည်။ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ဘေးအန္တရာယ် ကယ်ဆယ်ရေးစင်တာသည်လည်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွင် ပါဝင်ရန် တပ်ဖွဲ့ စေလွှတ်ခဲ့ပါသည်။
မကြာမီရက်များတွင် ထိုင်းနိုင်ငံ ဒေသများစွာ၌ မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် မြစ်ရေ အလျင်အမြန် မြင့်တက်လာခဲ့ပါသည်။ Chao Phrayaမြစ် မြစ်ရေ ဆက်တိုက် မြင့်တက်လာခြင်းကြောင့် ကမ်းရိုးတန်းဒေသရှိ လူနေရပ်ကွက်အချို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီဖြစ်ပါသည်။