ဂျီနီဗာရှိ သဘာဝ သမိုင်းပြတိုက်သည် ခေါင်းနှစ်လုံးပါ ဂရိ လိပ် Janus ၏ ၂၅ နှစ် မွေးနေ့ပါတီကို ပြုလုပ်ပေး

(GMT+08:00)2022-09-05 12:46:24  

ဒေသစံတော်ချိန် စက်တင်ဘာလ ၃ ရက်နေ့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ သဘာဝသမိုင်းပြတိုက်မှ ခေါင်းနှစ်လုံးပါ ဂရိ လိပ် Janus ၏ ၂၅ နှစ် မွေးနေ့ ဖြစ်ပါသည်။ ၎င်းသည် လူသားများ သိရှိထားသော အသက်အရှည်ဆုံး ခေါင်းနှစ်လုံးပါ လိပ်ဖြစ်ပါသည်။ ခေါင်းနှစ်လုံးရှိ၍ ဤကဲ့သို့ တိရစ္ဆာန်သည် သဘာဝတွင် အသက်ရှင်နိုင်မည် မဟုတ်သော်လည်း ပြတိုက်၏ ပုံမှန်ပြုစုစောင့်ရှောက်မှုကြောင့် Janusသည် အသက်ရှည်ခြင်း စံချိန်တင်ထားပါသည်။ Janas သည် နေ့စဉ်နေ့တိုင်း နွေးထွေးသောရေဖြင့် ရေချိုးခြင်းနှင့် ခရမ်းလွန်ရောင်ခြည်များကို စည်းစိမ်ခံစားပြီး လမ်းလျှောက်ခြင်း သို့မဟုတ် နှိပ်နယ်ခြင်းကိုလည်း နှစ်သက်ပါသည်။