၃၆ နှစ်ကြာ အိပ်ရာထဲမှာ သူမလက်ထဲက ဆေးစုတ်တံနဲ့ “ကြယ်ပင်လယ်တစ်လျှောက် လမ်းလျှောက်ခဲ့”

(GMT+08:00)2022-09-05 14:27:10  

"ပန်းချီက ငါ့အကိုက်အခဲပျောက်ဆေး၊ ဆေးရုံကုတင်က ငါ့ဘဝမှာ ရေးဆွဲတဲ့ ဘုတ်ပြားပဲ" -ထိုပန်းချီကားတွေကို ဆွဲသူဟာ Zhang Junli လို့ခေါ်ပြီး မကြာသေးမီက လူ့အဖွဲ့အစည်းများရဲ့ အကူအညီဖြင့် တရုတ်နိုင်ငံ၊ ရှန်းရှီးပြည်နယ် ထိုက်ယွမ်မြို့ စာကြည့်တိုက်မှာ သူမရဲ့ ပန်းချီပြပွဲကို ကျင်းပခဲ့တယ်။

အသက် ၄၄နှစ် အရွယ်ရှိတဲ့ Zhang Junli ဟာ ထိုက်ယွမ်မြို့မှာ မွေးဖွားခဲ့တယ်။ အသက်၆နှစ် အရွယ်မှာ သူမက ရုတ်တရက် လက်ကောက်ဝတ် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကြောင့် ဖခင်ဖြစ်သူက ဆေးကုသဖို့ သူမအား ဒေသအနှံ့ကို ခေါ်ဆောင်သွားခဲ့တယ်။သူက ရူမက်တစ် အဆစ်ရောင်နာ ရောဂါ စွဲကပ်ခံရတယ်လို့ စမ်းသပ်ဆုံးဖြတ်ခဲ့တယ်။ အသက် ၈နှစ်အရွယ်မှာ  Zhang Junliရဲ့ ခြေလက်နဲ့ အဆစ်တွေဟာ လျင်မြန်စွာ မာတောင့်လာပြီး အဝတ်အစား ၀တ်တာနဲ့ စားသောက်ရာမှာ မိမိကိုယ်ကို ဂရု မစိုက်နိုင်တော့ဘဲ အဲဒီအချိန်ကစပြီး အိပ်ရာထဲမှာ လဲလျောင်းခဲ့တာ ဖြစ်တယ်။ Zhang Junliဟာ သိတတ်စကတည်းက သူမ ကြီးပြင်းလာတဲ့အခါမှာ ပန်းချီဆရာတစ်ဦး ဖြစ်လာဖို့ အိပ်မက်မက်ခဲ့တယ်။ Zhang Junli ဟာ ၃၆ နှစ်ကြာ အိပ်ရာပေါ်မှာ လှဲလျောင်းပေမဲ့ နေ့တိုင်း အဆစ်ပုံသဏ္ဍာန် ပြောင်းလဲခြင်းကြောင့် ဖြစ်ရတဲ့ ဝေဒနာကို ခံနိုင်ရည်ရှိပြီး စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ ပုံဆွဲခြင်းကို အစဉ်တစိုက် ပြုလုပ်လေ့ရှိတယ်။