ညဘက်တွင် "ပင်လယ်အောက်"၌ ဝေလ ငါးမန်းများနှင့်"အတူအိပ်"

(GMT+08:00)2022-09-05 10:43:56  

မကြာခင်ရက်များက တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ချန်လုံ ပင်လယ်အဏဝါပြတိုက် ဝေလ ငါးမန်းခန်း၌ ခရီးသည်များသည် တဲထိုးပြီး တစ်ညတာအိပ်ကာ ဝေလငါးမန်း မွေးမြူရေးပညာရှင်များ ဗဟုသုတပေးခြင်း၊ ဝေလငါးမန်း အပါအဝင် ပင်လယ်သတ္တဝါများနှင့် အနီးကပ် အတူအိပ်ကြသည့် အတွေ့အကြုံကို ခံစားခြင်း၊ လူနှင့်သဘာဝအကြား သင့်မြတ်သာယာစွာ အတူယှဉ်တွဲမှုကို ခံစားခြင်း၊ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးသဘောတရားကို ခံစားခဲ့ကြသည်။

ဝေလငါးမန်းနှင့် တစ်ညအိပ် လှုပ်ရှားမှုသည် ပင်လယ်သတ္တ၀ါများ၏ ဂေဟဗေဒအခြေအနေများအရ မိဘ-ကလေးအကြား ချစ်ခင်မှုနှင့် ဗဟုသုတပေးမှု၏ လိုအပ်ချက်ကို အခြေခံပြီး ခရီးသည်များ ညဘက်တွင် ပြခန်း၌ ကြည့်ရှုသည့် တစ်ချိန်တည်းတွင် ပင်လယ် သတ္တ၀ါများ၏ နေထိုင်မှုဘဝကိုလည်း သိရှိစေသည်။