စစ်သင်တန်းတက်နေသည့်ကောင်လေးက စွန့်ပစ် ပုလင်းအလွတ် လေးအိတ်ကို စုဆောင်းပြီး အဖွားကို လက်ဆောင်ပေး

(GMT+08:00)2022-09-05 12:39:29  

မကြာခင်က ကျက်ကျန်းပြည်နယ် လိရွှေမြို့မှာ စစ်သင်တန်းတက်နေသည့် အထက်တန်း ကျောင်းသား ဖုန်ဖေကြေသည် ၇ ရက်အတွင်း ကျောင်းနေဖက်များ စွန့်ပစ်သည့် ပုလင်းအလွတ် အိတ်ကြီး လေးအိတ်ကို ကောက်ယူစုဆောင်းပြီး သူ့အဖွားကို လက်ဆောင် ပေးခဲ့သည်။ ဖုန်ဖေကြေက ငယ်စဉ်ကတည်းကပဲ ဖွားဖွားက စွန့်ပစ် ပုလင်းအလွတ်၊ စက္ကူ သေတ္တာတွေ ကောက်ယူရောင်းချလေ့ ရှိတယ်၊ သုံးလေးငါးရက် အတွင်းပဲ ကျွန်တော် ကောက်လာခဲ့တဲ့ ပုလင်းအလွတ် အရေအတွက်ဟာ ဖွားဖွား တစ်နှစ်တွင်းကောက်တာနဲ့ တူတယ်။ ဒါကြောင့် ဖွားဖွားကို လက်ဆောင်ပေးပြီး ဖွားဖွားဝမ်းသာမယ်လို့ ပြောသည်။