ဘိုင်ဒန်သည် နိုင်ငံ၏ရန်သူ ဖြစ်သည်ဟု ထရမ့် ဆို

(GMT+08:00)2022-09-05 12:40:34  

အမေရိကန်၏ အလယ်ကာလရွေးကောက်ပွဲသည် နောက်ဆုံးအချိန်ကာလသို့ ဝင်ရောက်နေပြီ။ မကြာခင်က အမေရိကန် သမ္မတဘိုင်ဒန်က သမ္မတဟောင်းထရမ့်နှင့် ၄င်း၏ ရီပတ်ဘလစ်ကင် ပါတီထောက်ခံသူများသည် အမေရိကန်၏ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်မှုပြုသည့် အစွန်းရောက်ဝါဒကို ကိုယ်စားပြုသည်ဟု ပြစ်တင် ပြောဆိုခဲ့သည်။ ယခုလ ၃ ရက်နေ့တွင် ထရမ့်က ယင်းသည် သမိုင်းတွင် အမေရိကန် သမ္မတအနေနှင့် အဆိုးယုတ်ဆုံးသောစကား ဖြစ်သည်ဟု တုံ့ပြန် ပြောဆိုပြီး ဘိုင်ဒန်သည် နိုင်ငံ၏ရန်သူ ဖြစ်သည်ဟုလည်း ပြစ်တင်ခဲ့သည်။