တရုတ် အနောက်မြောက်ပိုင်း စက်မှု တက္ကသိုလ်က အမေရိကန် NSA မှ ဆိုက်ဘာ တိုက်ခိုက်မှု ခံခဲ့ရခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ

(GMT+08:00)2022-09-05 16:54:52  

   ယခုလ ၅ ရက်နေ့တွင် တရုတ် နိုင်ငံတော် ကွန်ပျူတာ ဗိုင်းရပ်စ် အရေးပေါ် စီမံခန့်ခွဲ ဖြေရှင်းရေးစင်တာနှင့် ၃၆၀ ကုမ္ပဏီတို့သည် တရုတ် အနောက်မြောက်ပိုင်း စက်မှု တက္ကသိုလ်က အမေရိကန် NSA မှ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများကို အသီးသီး ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာများအရ အရင်းအမြစ်မှ ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်သူသည် အမေရိကန်နိုင်ငံ လုံခြုံရေးဦးစီးဌာန NSA ဖြစ်သည်။

   စုံစမ်းစစ်ဆေးမှုအရ NSA သည် တရုတ် အနောက်မြောက်ပိုင်း စက်မှု တက္ကသိုလ်ကို ရည်ညွှန်းသည့် ဆိုက်ဘာတိုက်ခိုက်မှုတွင် NSA လက်အောက်ခံ အထူး ကျူးလွန်ရေး ဆောင်ရွက်မှုရုံး TAO သည် ဆိုက်ဘာတိုက်ခိုက်မှု လက်နက် အမျိုးပေါင်း ၄၀ ကျော်ကို အသုံးပြုပြီး ယင်းတက္ကသိုလ်မှ အမြုတေကျသည့် လျှို့ဝှက်နည်းပညာ အချက်အလက် ဒေတာများကို ခိုးယူခဲ့သည်။

   အစီရင်ခံစာအရ NSA သည် ဆိုက်ဘာတိုက်ခိုက်မှု လက်နက် အများအပြားကို အသုံးပြုပြီး တရုတ်နိုင်ငံ၏ အဓိက လုပ်ငန်းကုမ္ပဏီများ၊ အစိုးရဌာနများ၊ တက္ကသိုလ်များ၊ ဆေးကုသရေးနှင့် သိပ္ပံပညာ သုတေသနဌာနများအား အချိန်ကြာရှည်စွာ လျှို့ဝှက် ဟက်ကာ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ NSA သည် အထက်ပါ ဆိုက်ဘာ တိုက်ခိုက်မှုများ၏ ခြေရာကို ဖုံးကွယ်နိုင်ရန်အတွက် အချိန်ကြာမြင့်စွာ ပြင်ဆင်မှု များကိုလည်း ပြုလုပ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။