မီတာ တစ်ထောင် မြင့်ရာ၌ ပျံသန်းနိုင်သော အင်တက်လစ်ဂျင် လျှပ်စစ်သုံး ပျံသန်း မော်တော်ယာဉ်

(GMT+08:00)2022-09-04 16:40:53  

၂၀၂၂ ခုနှစ် တရုတ် မော်တော်ယာဉ် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး (ထိုင်တာ) နိုင်ငံတကာ ဖိုရမ်ကို စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ တရုတ်နိုင်ငံ ထျန်ကျင်းမြို့၌ ကျင်းပခဲ့ရာ ရှောင်ဖိန်ဟွေ့ထျန်း ကုမ္ပဏီက ကိုယ်ပိုင် သုတေသနပြု ထုတ်လုပ်သော ပဉ္စမ မျိုးဆက် ပျံသန်းမော်တော်ယာဉ်သည် လူအများ၏ အာရုံ စူးစိုက်မှု ဖြစ်လာပါသည်။ ယင်းသည် လူနှစ်ယောက်ဆံ့ အင်တက်လစ်ဂျင် လျှပ်စစ်သုံး ပျံသန်း မော်တော်ယာဉ် ဖြစ်ပြီး မီတာ တစ်ထောင် မြင့်ရာ၌ ပျံသန်းနိုင်ကာ ၃၅ မိနစ်ကြာ ဆက်တိုက် ပျံသန်းနိုင်ပါသည်။ မြို့ပြ တာတို ခရီးသွားလာမှုတွင် အသုံးပြုနိုင်ပြီး ဘေးကယ်ဆယ်ရေး၊ ဆေးဝါးကုသမှု ပို့ဆောင်ရေး စသည့်နယ်ပယ်များတွင်လည်း အသုံးပြုနိုင်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။