တရုတ်-လာအို ရထားလမ်း ၉ လကြာ ဖွင့်လှစ်ပြေးဆွဲပြီးနောက် နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှု တန်ဖိုး စုစုပေါင်း တရုတ်ယွမ်ငွေ ၁၀ ဘီလီယံ ကျော်ရှိ

(GMT+08:00)2022-09-04 16:38:39  

တရုတ်နိုင်ငံ ကူမင်း အကောက်ခွန်ဌာနမှ သတင်းအရ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ် ပြေးဆွဲပြီးနောက် ၉ လကြာအတွင်း ကူမင်း အကောက်ခွန်ဌာနမှ စစ်ဆေး ဝင်ထွက်သော သွင်းကုန်ပို့ကုန် တန်ချိန်ပေါင်း ၁၂၀၂၀၀၀ ရှိပြီး တန်ဖိုးစုစုပေါင်း တရုတ်ယွမ်ငွေ ၁၀ ဘီလီယံ နှင့် ၈ သန်းရှိသည်။

ကုန်စည်အမျိုးအစားမှာ အစပိုင်းက ရော်ဘာနှင့် နေစဉ်သုံးပစ္စည်းများမှနေ အီလက်ထရွန်းနစ်၊ photovoltaic၊ ဆက်သွယ်ရေး၊ ပန်းမန်များစသည့် ကုန်စည် အမျိုးပေါင်း ၂၀၀၀ ခန့်အထိ တိုးများလာပြီး လာအိုမှနေ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားစသည့် ၈ နိုင်ငံသို့ ပို့ဆောင်နိုင်သည်။