နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တစ်လုံးကို James Webb ဖြင့် ပထမဆုံး ရိုက်ကူးနိုင်ခဲ့

(GMT+08:00)2022-09-04 16:49:43  

James Webb အာကာသကြည့်မှန်ပြောင်းဖြင့်နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တစ်လုံးကို ပထမဆုံးအကြိမ် ရိုက်ကူးနိုင်ခဲ့သည်ဟု အမေရိကန် NASA က ထုတ်ပြန်ပါသည်။ 

NASAမှ ထုတ်ပြန်ချက်အရ ယင်း HIP 65426 b အမည်ဖြစ်သော ဂြိုဟ်သည် ကျောက်ဆောင်မျက်နှာပြင်မဟုတ်ဘဲ အငွေ့အနေအထား ဂြိုဟ်ကြီး တစ်လုံး ဖြစ်သောကြောင့် လူသားများ နေထိုင်နိုင်မည် မဟုတ်ကြောင်း၊ ၄င်းက ဂျူပီတာ၏ ထုထည်ပမာဏ ခြောက်ဆမှ ဆယ့်နှစ်ဆခန့်ရှိပြီး သက်တမ်းမှာ နှစ်ပေါင်း ၁၅ သန်းမှ သန်း ၂၀ ခန့်သာ ရှိ၍ မြေကမ္ဘာထက်အတော်လေး နည်းပါ‌ကြောင်း သိရပါသည်။