အာဂျင်တီးနား ရဲတို့သည် ဒုသမ္မတကို တိုက်ခိုက်ခဲ့သော အမျိုးသား၏နေအိမ်တွင် ကျည်ဆန် ၁၀၀ ကို တွေ့ရှိ

(GMT+08:00)2022-09-04 16:50:40  

စက်တင်ဘာလ ၁ ရက်နေ့ ညတွင် အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနားကို သေနက်ဖြင့် တိုက်ခိုက်ခဲ့သော သံသယရှိသူ၏ နေအိမ်တွင် ၉ မီလီမီတာရှိ ကျည်ဆန် ၁၀၀ ကို အာဂျင်တီးနား ရဲတို့က ဒေသစံတော်ချိန် စက်တင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိခဲ့သည်။

ဒေသစံတော်ချိန် စက်တင်ဘာလ ၁ ရက်နေ့ညတွင် အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနားသည် ၎င်း၏အိမ်တံခါးဝတွင် အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ချိန်ရွယ်ခံရပြီး အဆိုပါအမျိုးသားကခလုတ်ကိုဆွဲယူခဲ့သော်လည်း ကျည်ဆန်မပစ်ခတ်ဖြစ်ကြောင်း သိရပါသည်။