အိန္ဒိယ၏ပထမဆုံးလေယာဉ်တင်သင်္ဘော INS Vikrant သည် တရားဝင် တာဝန်ထမ်းဆောင်

(GMT+08:00)2022-09-04 16:47:13  

စက်တင်ဘာလ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ ခွင့်ပြုချက်ဖြင့် အိန္ဒိယနိုင်ငံ ထုတ်လုပ်သည့် ပထမဆုံးသော လေယာဉ်တင်သင်္ဘော INS Vikrant သည် အိန္ဒိယတောင်ပိုင်း Kerala ပြည်နယ်တွင် တရားဝင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

INS Vikrant သည် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော အကြီးဆုံး စစ်သင်္ဘောဖြစ်ကြောင်း အိန္ဒိယရေတပ်၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားပါသည်။

INSVikrant လေယာဉ်တင်သင်္ဘောကို တည်ဆောက်ရန် ၁၃ နှစ် အချိန်ယူခဲ့ရသည်ဟု အိန္ဒိယ ရေတပ်က ပြောကြားခဲ့ပါသည်။