အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တောမီးကြောင့် မြေယာ ဟက်တာ ၁၆၂၀ လောင်ကျွမ်းခဲ့ပြီး အိမ်ခြေအဆောက်အအုံ၁၀၀ခန့်ပျက်စီး

(GMT+08:00)2022-09-04 16:51:24  

ဒေသစံတော်ချိန် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းအထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား မြောက်ပိုင်းတွင် လျင်မြန်စွာ ပျံ့နှံ့နေသော မီးလောင်မှု (Mill Fire)ကြောင့် မြေယာ ဟက်တာ ၁၆၂၀ (ဧက၄၀၀၀) ခန့် လောင်ကျွမ်းခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း Reuters သတင်းစာဌာနမှ သတင်းရရှိပါသည်။

မီးလောင်မှုကြောင့် နေအိမ်နှင့်အဆောက်အဆုံ ၁၀၀ခန့် ပျက်စီးခဲ့ပြီး ၃ရက်နေ့ နံနက်ပိုင်းအထိ မီးလောင်မှု ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကယ်လီဖိုးနီးယား သစ်တောမီးသတ်ဌာနက ဖော်ပြခဲ့ပါသည်။