အမေရိကန် တရားသူကြီးသည် ထရမ့်၏ နေအိမ်မှ သိမ်းဆည်းရမိသော ပစ္စည်းများ စာရင်းကို ဖေါ်ပြ

(GMT+08:00)2022-09-04 16:55:09  

ယခုလ ၂ ရက်နေ့က အမေရိကန် ပြည်ထောင်စု တရားသူကြီးတစ်ဦးသည် ပြီးခဲ့သည့်လက FBI က သမ္မတဟောင်း ထရမ့်၏ နေအိမ်၌ သိမ်းဆည်းရမိသော ပစ္စည်းများ စာရင်းကို ဖေါ်ပြရန် အမိန့်ချခဲ့သည်။ စာရင်းအရ သိမ်းဆည်းရမိသော ဖိုင် တစ်သောင်းကျော် အနက် ၁၀၀ ကျော်တို့သည် လျှို့ဝှက်အဆင့် ဖြစ်ပြီး ၄၈ ခုသည် လျှို့ဝှက်ဖိုင်ဟု မှတ်သားထားသော ဖိုင်တွဲအလွတ် ဖြစ်သည်။

   FBI သည် သြဂုတ်လ ၈ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်ရှိ ထရမ့်၏ နေအိမ် သို့ ရုတ်တရက် ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့သည်။ ယင်းသည် အမေရိကန် သမိုင်းတွင် ပထမဆုံးအကြိမ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုကြောင့် သမ္မတဟောင်း၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေ စစ်ဆေးခြင်း ဖြစ်သည်။