BRICSနိုင်ငံများ ဝန်ဆောင်မှုကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာကောင်းမွန်

(GMT+08:00)2022-09-03 12:05:19  

    လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးမိတ်ဖက် များသည်ထက် များလာပြီး BRICSနိုင်ငံများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး အတိုင်းအတာသည် အရှိန်အဟုန်ဖြင့် ကြီးမားလာကြောင်း၊ ၂၀၂၂ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေးကုန်စည်ပြပွဲ ကျင်းပစဉ်တွင် BRICSနိုင်ငံများ မှ ပုဂ္ဂိုလ်များက ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကုန်သွယ်ရေးသည် အဓိက ရေစီးကြောင်းဖြစ်ပြီး BRICSနိုင်ငံများအကြား ဝန်ဆောင်မှုကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာ ကောင်းမွန်သည်ဟု ဖော်ပြကြကြောင်း သတင်းရရှိပါသည်။