မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း နှင့် ၎င်း၏ခင်ပွန်းတို့သည် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ခြင်းကြောင့်ထောင်ဒဏ် တစ်နှစ်စီခံရ

(GMT+08:00)2022-09-03 11:07:44  

စက်တင်ဘာလ ၂ ရက်နေ့တွင်မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Bowman နှင့် ၎င်း၏ခင်ပွန်း(မြန်မာနိုင်ငံသား) တို့သည် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ခြင်းကြောင့်ထောင်ဒဏ် တစ်နှစ်စီခံခဲ့ရပါသည်။

သြဂုတ်လ ၂၄ ရက်နေ့ညတွင်Bowmanနှင့် ၎င်း၏ခင်ပွန်းတို့သည်ရန်ကုန်မြို့ရှိ၎င်းတို့၏နေအိမ်၌ဖမ်းဆီးခံခဲ့ရကြောင်းမြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှသြဂုတ်လ၂၅ရက်နေ့ညတွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

Bowman သည် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။