ယူကရိန်းနိုင်ငံအားအမေရိကန်ဒေါ်လာ ၁၃့၇ ဘီလီယံတန်ဖိုးရှိအရေးပေါ် ထောက်ပံ့မှု ပေးအပ်ရန် ဘိုင်ဒန် တောင်းဆို

(GMT+08:00)2022-09-03 11:21:49  

ယူကရိန်းနိုင်ငံအား အမေရိကန်မှ ထောက်ပံ့ကြေးကုန်တော့မည်ဖြစ်သည့်အတွက် လက်နက်၊ စက်ပစ္စည်းများ၊ သတင်းအချက်အလက် ထောက်လှမ်းရေးထောက်ပံ့မှုနှင့် တိုက်ရိုက် ဘတ်ဂျက်ပံ့ပိုးမှုတို့ အပါအဝင် အမေရိကန်ဒေါ်လာ ၁၃့၇ ဘီလီယံတန်ဖိုးရှိ အရေးပေါ် ထောက်ပံ့မှုကို ယူကရိန်းနိုင်ငံအား ထပ်လောင်းပေးအပ်ရန် အမေရိကန်သမ္မတ ဘိုင်ဒန်က လွှတ်တော်အား တောင်ဆိုကြောင်း အမေရိကန် အေပီသတင်းဌာနမှ စက်တင်ဘာလ ၂ ရက်နေ့က ရေးသားသည်။

ယင်းထောက်ပံ့မှုသည် အိမ်ဖြူတော် အဆိုပြုခဲ့သော အမေရိကန်ဒေါ်လာ ၄၇့၁ ဘီလီယံ ဖြစ်သည့် အရေးပေါ် သုံးငွေ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းအရေးပေါ် သုံးငွေ အစီအစဉ်ကို အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ မျောက်ကျောက်ရောဂါ၊ ကန်တတ်ကီပြည်နယ် သဘာဝဘေးအန္တရာယ် စသည့်ပြဿနာများကိုရင်ဆိုင်တုံ့ပြန်ရန် အသုံးပြုမည်ဖြစ်ကြောင်းသတင်းအရ သိရပါသည်။