Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံကို အမြောက်ဖြင့်တိုက်ခိုက်မှုကို လက်မခံနိုင်ဟု IAEA ဆို

(GMT+08:00)2022-09-03 11:20:45  

Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံကို စစ်ဆေးလေ့လာပြီးနောက် နိုင်ငံတကာအနုမြူစွမ်းအင်အဖွဲ့ (IAEA) ဒါရိုက်တာချုပ် ဂရော်စီကZaporozhye နျူကလီးယား ဓာတ်အားပေးစက်ရုံအပေါ် အနီရောင်အန္တရာယ်အဆင့် သတ်မှတ်ထားကြောင်း၊ ယင်းနျူကလီးယားဓာတ်အားပေးစက်ရုံသည် အမြောက်များဖြင့် တိုက်ခိုက်မှု အကြိမ်ကြိမ်ခံခဲ့ရခြင်းကို လက်မခံနိုင်ကြောင်းပြောကြားသည်။

IAEAကိုယ်စားလှယ်အဖွဲ့သည် Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံ၌ စစ်ဆေးချင်နေရာမှန်သမျှကိုစစ်ဆေးပြီး သက်ဆိုင်ရာအစီရင်ခံစာကို လာမည့် သီတင်းပတ်တွင် ထုတ်ပြန်မည်ဖြစ်သည်။ ယခုအချိန်တွင် IAEAကျွမ်းကျင်သူပညာရှင် ၆ ဦးသည် Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံ၌ ရှိနေပြီး ၄င်းတို့အနက် ၄ ဦးသည် လာမည့် သီတင်းပတ်တွင် ထွက်ခွာမည်ဖြစ်ပြီး ကျန် ၂ ဦးသည် အမြဲတမ်းနေထိုင်မည်ဖြစ်ကြောင်းဂရော်စီကပြောကြားသည်။