အမေရိကန်သည်ယူကရိန်းအကျပ်အတည်းကိုအစပြုသူအဖြစ် "အကြီးမားဆုံးအောင်နိုင်သူ"တော့ ဖြစ်လာသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-09-03 11:44:33  

စက်တင်ဘာလ၂ရက်နေ့ကတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းကပုံမှန်သတင်းစာရှင်းလင်းပွဲကိုဦးစီးကျင်းပခဲ့သည်။မကြာသေးမီကဥရောပနိုင်ငံအများအပြားသည်ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများကြောင့်စွမ်းအင်ပြတ်တောက်မှုများနှင့်ရင်ဆိုင်နေရပြီးအမေရိကန်သဘာဝဓာတ်ငွေ့ကို ဈေးနှုန်းကြီးမြင့်စွာဝယ်ယူရန်သမုဒ္ဒရာကိုဖြတ်၍ခရီးထွက်ခဲ့ရသည်။အချို့သောဥရောပမီဒီယာများကအမေရိကန်သည်ကယ်တင်ရှင်ဟန်ဆောင်ပြီးဥရောပနိုင်ငံများသို့သဘာဝဓာတ်ငွေ့ရောင်းချခြင်းဖြင့်ကြီးမားသောအမြတ်အစွန်းများကိုရယူနေကြောင်းမှတ်ချက်ပေးခဲ့သည်။တရုတ်ပြည်ဘက်ရဲ့မှတ်ချက်ကဘယ်လိုလဲ။

ကျောက်လိကျန်းကအမေရိကန်နှင့်အနောက်နိုင်ငံများ၏တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုသည် ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ဖြစ်ရပ်မှန်များကနောက်ထပ်တစ်ကြိမ်သက်သေပြခဲ့ကြောင်း၊ဥရောပနဲ့အမေရိကန်ဈေးကွက်တွေမှာသဘာဝဓာတ်ငွေ့ဈေးကွာဟမှုဟာစံချိန်တင်၁၀ဆအထိ ရောက်သွားတာကိုသတိပြုမိခဲ့ကြောင်း၊US Business Insider ကထုတ်ပြန်တဲ့စာရင်းအရအမေရိကန်ကုမ္ပဏီတွေကဥရောပသို့ခုတ်မောင်းတဲ့သဘာဝဓာတ်ငွေ့ရည်သင်္ဘောတိုင်းဟာအမြတ်ငွေ ဒေါ်လာသန်း၁၀၀ ကျော်ရရှိနိုင်ပြီးသို့သော်လည်းဥရောပပြည်သူများကြုံတွေ့ရမည့်အရာမှာလျှပ်စစ်ဓာတ်အားခ မြင့်တက်လာခြင်းပင်ဖြစ်ကြောင်း၊ယူကရိန်းအကျပ်အတည်းကိုအစပြုသူအဖြစ်အမေရိကန်သည်ယခုအခါအကျိုးကျေးဇူးများခံစားရသော"အကြီးမားဆုံးအောင်နိုင်သူ" ဖြစ်လာခဲ့ကြောင်း၊ ၄င်းကိုကမ္ဘားကြီးစဉ်းစားတွေးခေါ်ပြီးသတိထားသင့်ကြောင်းပြောကြားခဲ့သည်။