ဆရာဝန် မဖြစ်နိုင်သော်လည်း ဆေးပညာအတွက် ရုပ်အလောင်းကို လှူဒါန်းပေးရန် ရွေးချယ်

(GMT+08:00)2022-09-03 11:06:17  

မကြာမီက ဟူနန်ပြည်နယ် ချန်ရှားမြို့၌ အသက် ၂၁ နှစ်အရွယ် ဖြစ်သည့် ဆေးပညာတက္ကသိုလ် ကျောင်းသား ကျမ်းကိုရှင့်သည် ရှားပါးသော ရောဂါတစ်မျိုးကြောင့် ကွယ်လွန်ခဲ့သည်။ သူ့မိဘသည် သူ့ဆန္ဒအလျောက် သူ၏ မျက်ကြည်လွှာနှင့် ရုပ်အလောင်းကို လှူဒါန်းပေးခဲ့သည်။

ကျမ်းကိုရှင့်သည် ချန်ရှား ဆေးပညာတက္ကသိုလ်မှ ကျောင်းသား တစ်ဦး ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ရှားပါးသော နှလုံး synovium ကင်ဆာ ရှိသည်ဟု အတည်ပြုခဲ့သည်။ ကျမ်းကိုရှင့်သည် ဆေးပညာ သုတေသနလုပ်ငန်းအတွက် ကွယ်လွန်ပြီးနောက် သူ့၏ရုပ်အလောင်းနှင့် မျက်ကြည်လွှာကို လှူဒါန်းပေးရန်၊ ဤအသွင်ပုံစံဖြင့် သူ၏ ဆရာဝန် ဖြစ်ဖို့ အိပ်မက်ကို ဖေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျမ်းကိုရှင့်၏ ဖေဖေက သူ့သား၏ ရုပ်အလောင်း လှူဒါန်းခြင်းသည် ယင်းရှားပါးသော ရောဂါမျိုးကို သုတေသနပြုရေးအတွက် အထောက်အကူ ပြုနိုင်ရန်၊ အခြားရောဂါသည်များ ဤသို့သော နာကြည်းမှုကို မခံရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။