မြန်မာနိုင်ငံကိုကိုးကျွန်းအနီးတွင် ပြင်းအား၅.၃အဆင့်ရှိငလျင်လှုပ်ခတ်

(GMT+08:00)2022-09-03 11:07:04  

မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်သတင်းအရဒေသစံတော်ချိန် စက်တင်ဘာလ ၂ ရက်နေ့ညနေပိုင်း ၁နာရီ ၄၃မိနစ်အချိန်တွင် မြန်မာနိုင်ငံအနောက်တောင်ပိုင်းပင်လယ်ြပင်ရှိကိုကိုးကျွန်းအနီး (မြောက်လတ္တီတွဒ် ၁၄.၅၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်၉၃.၆၉ ဒီဂရီ) တွင် ပြင်းအား၅.၃အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ဗဟိုချက်မနေရာသည် ၁၀ ကီလိုမီတာ နက်ရာ၌ ရှိကြောင်း၊ လက်ရှိလူသေကျေဒဏ်ရာရရှိမှုသတင်းများနှင့် ဆူနာမီသတိပေးချက်မရှိသေးကြောင်းသိရပါသည်။