စာတစ်စောင်သည် အမေရိကန်၏ အပေါ်ယံကြော အတုအယောင် ဖြစ်သော ချစ်ကြည်ရေးကို ဖော်ထုတ်

(GMT+08:00)2022-09-03 11:21:15  

ဥရောပတွင် ဆိုးဝါးသော စွမ်းအင်အကျပ်အတည်း ကြုံတွေ့နေသည့် တစ်ချိန်တည်းတွင် အမေရိကန် စွမ်းအင်ဝန်ကြီး၏ စာတစ်စောင်သည် အမေရိကန်နိုင်ငံ၏ အပေါ်ယံကြော အတုအယောင် ဖြစ်သော ချစ်ကြည်ရေးကို ဥရောပကို နက်ရှိုင်းစွာ ခံစားစေသည်ဟု အမေရိကန် မီဒီယာက ရေးသားသည်။

အမေရိကန် Wall Street Journalသတင်းစာမှ သတင်းအရ အမေရိကန် စွမ်းအင်ဝန်ကြီးJennifer Granholmသည်  စာတစ်စောင်တွင် အမေရိကန်နိုင်ငံမှ အဓိကရေနံချက်ကုမ္ပဏီများ လောင်စာဆီတင်ပို့မှုကိုမတိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်သည် အမေရိကန်၏ ယခင်ကထုတ်ပြန်ချက်နှင့် လွန်စွာကွာခြားသည်။ ရုရှားက စွမ်းအင်ထောက်ပံ့မှုဖြင့် ဥရောပအား ခြိမ်းခြောက်စေမည် မဟုတ်ကြောင်း အမေရိကန်သမ္မတဘိုင်ဒန်က ပြောကြားခဲ့ဖူးသည်။

အနောက်နိုင်ငံများ၏ ရုရှားနိုင်ငံအားအရေးယူမှုကြောင့် တစ်ကမ္ဘာလုံးတွင် စွမ်းအင်ထောက်ပံ့မှု တင်းကျပ်နေပြီး ဥရောပ ရေနံတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံမှ တင်သွင်းခြင်းဖြစ်၍ ဥရောပသည် အခြားနိုင်ငံများ၌ စွမ်းအင်ရှာဖွေနေရပေသည်။ သို့သော် ဘိုင်ဒန်အစိုးရသည် နိုဝင်ဘာလ အလယ်ကာလ ရွေးကောက်ပွဲမတိုင်မီ အမေရိကန် ရေနံဈေးနှုန်းတည်ငြိမ်စေရန်အတွက် စွမ်းအင်တင်ပို့မှု ပိတ်ဆို့ထားခြင်းသည် ဥရောပမိတ်ဘက်များကို ပါးရိုက်သကဲ့သို့ လုပ်ဆောင်သည်ဟုWall Street Journalသတင်းစာက ဝေဖန်သုံးသပ်သည်။