ဂျပန်၏ “Lying flat” မူဝါဒကြောင့် ကူးစက်ရောဂါအခြေအနေကို “ဘေးအန္တရာယ် အဆင့်” သို့ မြင့်တက်လာစေသည်

(GMT+08:00)2022-09-03 11:05:29  

    ယခုလောလောဆယ်တွင် ဂျပန်သည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကူးစက်မှု၏ “လေမုန်တိုင်း ချက်မ နေရာ” ဖြစ်လာနေသည်။ သြဂုတ်လ ၃၁ ရက်နေ့က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်သော စာရင်းအရ သြဂုတ်လ ၂၈ ရက်နေ့ မတိုင်မီ သီတင်းပတ် တစ်ပတ်အတွင်း ဂျပန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁့ ၂၆ သန်းခန့် အသစ်တိုးလာပြီး သီတင်းပတ် ၆ ပတ် ဆက်တိုက် ကမ္ဘာ့ အများဆုံး ဖြစ်ကာ ဤသီတင်းပတ်အတွင်း သေဆုံးသူ ဦးရေသည်လည်း အမေရိကန် ပြီးလျှင် ကမ္ဘာ့ ဒုတိယ အများဆုံး ဖြစ်လာ ခဲ့သည်။ ဇူလိုင်လ လဦးပိုင်းက သတ္တမလှိုင်း ကူးစက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဂျပန် အစိုးရသည် ထိန်းချုပ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိဘဲ သက်ဆိုင်ရာ ထိန်းချုပ် ဆောင်ရွက်ချက်များ ဖျက်သိမ်းမှုများကိုလည်း ဆက်တိုက် စမ်းသပ် လုပ်ဆောင်သဖြင့် လက်ရှိအချိန်တွင် ဒေသများစွာ၌ ကူးစက်ရောဂါ အခြေအနေကို “ဘေးအန္တရာယ် အဆင့်” သို့ မြင့်တက်လာစေခြင်း ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။