ပါကစ္စတန်နိုင်ငံ၌ ရေဘေးကြောင့် သေဆုံးသူဦးရေ ၁၂၀၈ ဦးအထိ မြင့်တက်လာ

(GMT+08:00)2022-09-02 18:11:59  

ဒေသစံတော်ချိန် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ပါကစ္စတန်နိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗျူရိုမှ ထုတ်ပြန်သောစာရင်းအရ ဇွန်လ အလယ်ပိုင်းမှစ၍ ယနေ့အထိ ပါကစ္စတန်နိုင်ငံ၌ မုတ်သုံ မိုးရွာသောကြောင့် သေဆုံးသူဦးရေ ၁၂၀၈ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူဦးရေ ၆၀၈၂ ဦးရှိကာ ဘေးသင့်သူဦးရေ ၃၃သန်းကျော်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၄နာရီအတွင်း ပါကစ္စတန်တစ်နိုင်ငံလုံး၌ လူ ၁၉ဦး သည်လည်း မိုးကြီးနှင့် ရေဘေးဆိုင်ရာ ဘေးအန္တရာယ်များကြောင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။