မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ မလျော်သြဇာသုံးမှု စွဲဆိုချက်ကို အတည်ပြုပြီး ထောင်ဒဏ် ၃နှစ် အသီးသီး စီရင်ချမှတ်

(GMT+08:00)2022-09-02 17:55:40  

ဒေသ စံတော်ချိန် ယခုလ ၂ ရက်နေ့က မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ မလျော်သြဇာသုံးမှုကို နေပြည်တော် အကျဉ်းထောင် အတွင်းရှိ အထူးခုံရုံးသည် အတည်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၃နှစ် အသီးသီး စီရင်ချမှတ်ခဲ့ကြောင်း၊ ယခုအထိ ဒေါ်အောင်ဆန်းစုကြည် အပေါ် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

    ထို့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အစိုးရ လျို့ဝှက်ချက် ပေါက်ကြားမှုနှင့် အဂတိ လိုက်စားမှုစသည့် စွဲဆိုချက်များကို စစ်ဆေးနေကြောင်း သိရသည်။