အမေရိကန်တပ်ဖွဲ့သည် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ အသစ်ခိုးယူထားသည့် ရေနံတစ်သုတ်ကို သယ်ယူပို့ဆောင်ခဲ့ဟု ဆီးရီးယားမီဒီယာဆို

(GMT+08:00)2022-09-02 16:18:05  

အမေရိကန်တပ်ဖွဲ့သည် ယခုလ ၁ ရက်နေ့က ဆီးရီးယားအရှေ့မြောက်ပိုင်းမှ ခိုးယူထားသည့် ရေနံတစ်သုတ်ကို အီရတ်ပြည်တွင်းသို့ သယ်ယူပို့ဆောင်ခဲ့ကြောင်း ဆီးရီးယားသတင်းဌာနမှ ထိုနေ့က ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုနေ့က အမေရိကန်တပ်ဖွဲ့သည် ရေနံတင်ကား ၇၃ စီးဖြင့် ဖွဲ့စည်းထားသည့် ကားအဖွဲ့နှင့် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ ခိုးယူထားသည့် ရေနံများကို အီရတ်ပြည် တွင်းသို့ သယ်ယူပို့ဆောင်ခဲ့ကြောင်း ဆီးရီးယားသတင်းဌာနမှ ဖော်ပြခဲ့သည်။