"Vostok-2022"စစ်ရေးလေ့ကျင့်ပွဲ တရားဝင် စတင်ပြီး တရုတ်တပ်သား ၂၀၀၀ကျော် ပါဝင်

(GMT+08:00)2022-09-02 18:09:33  

"Vostok-2022"စစ်ရေးလေ့ကျင့်ပွဲကို သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက ရုရှားနိုင်ငံ Ussuriysk မြို့ Sergeyevsky လေ့ကျင့်ရေးရင်ပြင်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်၊ အယ်လ်ဂျီးရီးယား၊ အိန္ဒိယ၊ ဘီလာရုစ်၊ တာဂျစ္စတန်၊ မွန်ဂိုးလီးယားစသောနိုင်ငံများသည် တပ်မတော်ကို စေလွှတ်ပြီး ယခုအကြိမ် စစ်ရေးလေ့ကျင့်ပွဲကို ပါဝင်ကြပါသည်။ တရုတ်မှ တပ်ဖွဲ့သည် မြောက်ပိုင်းစစ်နယ်လက်အောက် ကြည်းတပ်၊ ရေတပ် နှင့် လေတပ် တပ်ဖွဲ့တို့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ရေးလေ့ကျင့်ပွဲသို့ ပါဝင်ကြသော တပ်သားဦးရေ ၂၀၀၀ကျော် ရှိကာ ကားအမျိုးမျိုး အစီးပေါင်း ၃၀၀ ကျော်၊ လေယာဉ်နှင့် ရဟတ်ယာဉ် ၂၁စင်း နှင့် သင်္ဘော ၃စင်း ပါဝင်ပါသည်။