Shenzhou 14 အာကာသယာဉ်မှူးများသည် ပထမဆုံးအကြိမ် ယာဉ်ပြင်ပ လှုပ်ရှားမှုအတွက် စီစဉ်ထားသည့် တာဝန်အားလုံးကို အောင်မြင်စွာ ပြီးမြောက်ခဲ့

(GMT+08:00)2022-09-02 16:16:22  

တရုတ်နိုင်ငံ လူပါအာကာသယာဉ်လုပ်ငန်းရုံးမှ သတင်းအရ ပီကင်းစံတော်ချိန် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ ၀:၃၃ နာရီတွင် ၆နာရီကြာ အာကာသယာဉ်ပြင်ပလှုပ်ရှားမှုဖြင့် Shenzhou 14 အာကာသယာဉ်မှူး Chen Dong၊ Liu Yangနှင့် Cai Xuzheတို့သည် စီစဉ်ထားသည့်တာဝန်အားလုံးကို ပြီးမြောက်ခဲ့ပြီး Chen Dongနှင့် Liu Yang တို့သည် Wentian မော်ကျူးသို့ ဘေးကင်းစွာ ပြန်လာခဲ့ကြကာ ယာဉ်ပြင်ပလှုပ်ရှားမှု ပြီးပြည့်စုံ အောင်မြင်ခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၁ရက်နေ့ ည ၆ နာရီ ၂၆ မိနစ်တွင် အာကာသယာဉ်မှူး Chen Dong သည် Wentian မော်ကျူး အဲလော့ခ်မော်ကျူး၏ တံခါးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ည ၇ နာရီ ၉ မိနစ်တွင် အာကာသယာဉ်မှူး Chen Dongနှင့် Liu Yang တို့သည် မော်ကျူးမှ အောင်မြင်စွာ ထွက်ခွာခဲ့ကြသည်။ ယင်းသည် တရုတ်အာကာသယာဉ်မှူးများ Wentian မော်ကျူး အဲလော့ခ်မော်ကျူးမှ ထွက်ခွာပြီး ယာဉ်ပြင်ပ လှုပ်ရှားမှုများကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သကဲ့သို့ Chen Dongနှင့် Liu Yang တို့ ပထမဆုံးအကြိမ်အဖြစ် ယာဉ်ပြင်ပ လှုပ်ရှားမှုတာဝန်ကို ထမ်းဆောင်ခြင်းလည်းဖြစ်ပါသည်။