အစ္စရေးနိုင်ငံ၌ သက်တမ်း နှစ်ပေါင်း ၅ သိန်း ရှိသောဆင်စွယ် တွေ့ရှိ

(GMT+08:00)2022-09-02 16:15:40  

ဒေသစံတော်ချိန် သြဂုတ်လ ၃၁ ရက်နေ့က အစ္စရေးနိုင်ငံ ရှေးဟောင်းအမွေအနှစ်ဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသ၌ သက်တမ်း နှစ်ပေါင်း ၅ သိန်းရှိသော ဆင်စွယ်တစ်ခုကို မကြာခင်ရက်များက တူးဖော်တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းဆင်စွယ်သည် ၂့၅ မီတာခန့် ရှည်လျားပြီး Palaeoloxodon ၏ ဆင်စွယ်ဖြစ်သည်ဟု သုတေသနပညာရှင်များက ယူဆသည်။ လွန်ခဲ့သည့် နှစ်ပေါင်းရှစ်သိန်းမှနေ လေးသိန်းအထိ Palaeoloxodon သည် ယင်းဒေသ၌ နေထိုင်ခဲ့ကြသည်။