မြစ်ဝါမြစ် Hukou ရေတံခွန် ဆောင်းဦး ရေကြီးရာသီသို့ ဝင်ရောက်

(GMT+08:00)2022-09-02 18:07:53  

စက်တင်ဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ ဆန်းစီပြည်နယ် လင်ဖင်မြို့ ကျီခရိုင် မြစ်ဝါမြစ် Hukou ရေတံခွန် ဆောင်းဦး ရေကြီးရာသီသို့ ဝင်ရောက်ပြီ ဖြစ်ပါသည်။ လွန်ခဲ့သည့်ရက်များတွင် မြစ်ဝါမြစ် မြစ်ညာဒေသတွင် မိုးရွာခြင်းနှင့် ရေလှောင်ကန် ရေထုတ်လွှတ်ခြင်းကြောင့် မြစ်ဝါမြစ်၏ ပင်မ ရေစီးကြောင်း ဆောင်းဦး ရေကြီးရာသီသို့ ဝင်ရောက်ခဲ့ပါသည်။ Hukou ရေတံခွန် ရေကြီးလာသဖြင့် နေရောင်ခြည်အောက်တွင် လှပသော သက်တံဖြစ်လာပြီး ခရီးသည်များကို ဆွဲဆောင်နေလျက် ရှိပါသည်။