ရုရှားရေနံဈေးနှုန်းကို ကန့်သတ်ရန်အားပေးသည့် နိုင်ငံများသို့ ရေနံထောက်ပံ့ရန် ရုရှား ငြင်းဆို

(GMT+08:00)2022-09-02 16:20:07  

      ရုရှားနိုင်ငံသည် ရုရှားရေနံဈေးနှုန်းကို ကန့်သတ်ရန်အားပေးသည့် နိုင်ငံများသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးမည် မဟုတ်ကြောင်း၊ ရုရှားသည် ဈေးကွက် မဟုတ်သော အခြေအနေမျိုးတွင် ပြင်ပသို့ ရေနံထောက်ပံ့ပေးရန် ငြင်းပယ်ကြောင်း စွမ်းအင်လုပ်ငန်း တာဝန်ရှိသူ၊ ရုရှားဒုတိယဝန်ကြီးချုပ် နိုဗါခ် က ၁ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရသည်။

      ဂျီ၇ ဘဏ္ဍာရေးဝန်ကြီးများသည် စက်တင်ဘာလ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ Biden အဆိုပြုသည့် ရုရှားရေနံအပေါ် ဈေးနှုန်းသတ်မှတ်ရန် အကြံပြုချက်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် သတင်းရေးရာ အတွင်းဝန် ရွန်-ပီအယ်လ် က သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။