ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသည် မဟုတ်မမှန်သော ရှင်းကျန်းဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-09-02 17:52:58  

မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ရှင်းကျန်းနှင့် ပတ်သက်သည့် မဟုတ်မမှန်သော အစီရင်ခံစာ ထုတ်ပြန်မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းအစီရင်ခံစာသည် အမေရိကန်နှင့် အနောက်နိုင်ငံအင်အားတချို့၏ ကြံစည်ဆောင်ရွက်မှုဖြစ်၍ တရားမဝင်သလို အာဏာတည်မှု လုံးဝ မရှိကြောင်း၊ ယင်းအစီရင်ခံစာသည် မဟုတ်မမှန် သတင်းအချက်အလက်များ ပေါင်းစည်းထားပြီး အမေရိကန် ဦးဆောင်သော  အနောက်နိုင်ငံများ၏ ရှင်းကျန်းဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ထားရန် နိုင်ငံရေးကိရိယာတစ်ခု ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။