ဂျပန်၏ “တရုတ် ခြိမ်းခြောက်မှု”ဆိုင်ရာ ပြောဆိုချက်သည် ကမ္ဘာကြီးကို အန္တရာယ်ရှိ စေသော အချက်ပြမှုဖြစ်

(GMT+08:00)2022-09-02 16:14:41  

ဂျပန်နိုင်ငံမှ “တရုတ် ခြိမ်းခြောက်မှု”ဆိုင်ရာ ပြောဆိုချက်ကို အကြိမ်ကြိမ် ပြောဆို ခဲ့ခြင်းသည် ကမ္ဘာကြီးကို အန္တရာယ်ရှိစေသော အချက်ပြသနေခြင်းဖြစ်ကြောင်း၊ ယင်းအချက်ပြမှုသည် ဂျပန်အနေနှင့်  ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် နိုင်ငံတကာစနစ်ကို ပြိုကွဲပျက်စီးစေရန် ကြံစည်ခြင်းဖြစ်ပြီး နိုင်ငံတကာမိသားစုကြီးသည် အလွန် သတိထား သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က စက်တင် ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့က ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ် ဘတ်ဂျက် တောင်းခံရာတွင်  “တရုတ် ခြိမ်းခြောက်မှု”ရင်ဆိုင်ရန်အတွက် ခရုဇ် ဒုံးကျည်များ၊ မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်များနှင့် အသံထက် အလွန်မြန်သော ထိပ်ဖူးများကို သုတေသန ပြုပြီး ထုတ်လုပ်ဖို့ ငွေထုတ်ပေးရန် တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်သည် ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ ဒုံးကျည် ပစ်ခတ်မှု အကွာအဝေးအပေါ် ကန့်သတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု သတင်းအရ သိရပါသည်။