တရုတ် ကွေ့ကျိုး မြောင် လူငယ်မောင်မယ်တို့၏ မင်္ဂလာဆောင်ပွဲ

(GMT+08:00)2022-09-02 17:55:10  

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် မြောင်လူမျိုးနှင့် တုံ့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ ကျင်းဖင် ခရိုင် မြောင်လူမျိုးတို့ မှီတင်းနေထိုင်ရာဒေသတွင် စီးပွားရေးနှင့် လူမှုရေး ဆက်တိုက် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် မြောင်လူမျိုး လူငယ်မောင်မယ် တို့သည် လွတ်လပ်စွာ အိမ်ထောင်ပြုနိုင်ပါသည်။ လူမျိုးနှင့် ဒေသ ကန့်သတ်ချက် မရှိဘဲ လူငယ်မောင်မယ်တို့သည် သီချင်းဆိုပွဲ၊ ဈေးသွားခြင်း၊ သာရေးနာရေးနှင့် ပွဲတော် နေ့ထူးနေ့မြတ် စသည့် အခွင့်ကောင်းများကို ရယူပြီး အချင်းချင်း သိရှိနားလည်ပြီးနောက် ချစ်ကြိုက်လာကြပါသည်။ နှစ်ဦးနှစ်ဖက်မိသားစု၏ ခွင့်ပြုချက်ကို ရယူပြီး စေ့စပ်ကြောင်းလမ်း ထားပြီးနောက် ရိုးရာအစဉ်အလာအရ လက်ထပ်မင်္ဂလာဆောင်ပွဲကို ကျင်းပပါသည်။