အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်၍ အကျိုးတူဖြစ်ထွန်းစေခြင်း၊ အတူမျှဝေခြင်း

(GMT+08:00)2022-09-01 15:37:28  

၁၄ နှစ်ကြာ သွေးထွက်သံယိုတိုက်ပွဲများကို ဖြတ်သန်းလာပြီးနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် တရုတ်ပြည်သူများသည် ဂျပန်ခုခံဆန့်ကျင်ရေးစစ်ပွဲကြီးကို အောင်မြင်ခဲ့ပြီး ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတွင် လုံးဝအောင်ပွဲခံနိုင်ခဲ့ကြောင်း ကြေညာနိုင်ခဲ့သည်။ ထိုသို့ဖြင့် ငြိမ်းချမ်းရေးနေရောင်ခြည် တစ်ဖန်ပြန်လည်ထွန်းလင်းလာခဲ့ပါသည်။

နှစ်ပေါင်း ၇၇ နှစ်ကြာပြီးနောက် ယနေ့တွင်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် လူသားတို့၏ မပြောင်းလဲသော လိုလားတောင့်တမှုအဖြစ် ရှိနေဆဲဖြစ်သည်။ ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မကြံစဖူး အပြောင်းအလဲကြီးများနှင့် ကြုံတွေ့နေရပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ခဲယဉ်းစွာရရှိထားသော ငြိမ်းချမ်းရေးအောင်မြင်မှုများကို ထိန်းသိမ်းရန်၊ လူသားတို့ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တို့သည် နိုင်ငံအသီးသီးက အတူရင်ဆိုင်နေရသည့် ခေတ်ကာလ၏ ဖြေရှင်းရန်ပုစ္ဆာ ဖြစ်နေပါသည်။ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရသည့်အခါ နိုင်ငံအသီးသီးမှ ပြည်သူများသည် အေးအတူပူအမျှစိတ်ဓာတ်ကို အခြေခံ၍ ပခုံးချင်းယှဉ်လက်တွဲကာ အခက်အခဲများကို အတူကျော်လွှားမှသာလျှင် အတူတကွဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုသာယာလှပတောက်ပသည့် အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းနိုင်မည် ဖြစ်သည်။ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၏ အဖွင့်စာမျက်နှာတွင် ဖော်ပြထားသကဲ့သို့ပင် “မိမိတို့ ကုလသမဂ္ဂ နိုင်ငံအသီးသီးမှပြည်သူများသည် နောင်လာနောင်သားများကို စစ်ဘေးဒဏ်မှ ကင်းလွတ်စေရန် သံန္နိဋ္ဌာန်ချထားသည်” ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ငြိမ်းချမ်းရေးကို ထာဝစဉ်ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

အေးအတူပူအမျှအသိုက်အဝန်း အယူအဆသည် အဆက်မပြတ် နက်ရှိုင်းခိုင်မာလာပြီး ကမ္ဘာ့ပြည်သူများ၏ နှလုံးသားထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာပါသည်။ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး အဆိုပြုချက်ကို ကုလသမဂ္ဂ၏ စာရွက်စာတမ်းများထဲတွင် အကြိမ်များစွာ ရေးသားဖော်ပြခဲ့ပြီး လက်တွေ့အရေးပါမှုနှင့် ခေတ်၏တန်ဖိုးများကို မီးမောင်းထိုးပြနေပါသည်။