ပေါ်တူဂီ၌ တွေ့ရသော ဧရာမ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းသည် ဥရောပ အကြီးဆုံး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်ဖွယ်ရာရှိ

(GMT+08:00)2022-09-01 14:52:18  

ဒေသစံတော်ချိန် သြဂုတ်လ ၂၉ ရက်နေ့က ရိုက်တာသတင်းဌာနမှ ဓာတ်ပုံများ ထုတ်ပြခဲ့ရာ ပေါ်တူဂီနိုင်ငံရှိ Monte Agudo ကျောက်ဖြစ်ရုပ်ကြွင်းနေရာ၌ ရှေးဟောင်း သုတေသနပညာရှင်များက ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တူးဖော်နေပုံကို ပြသ ထားသည်။ ယင်း ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းသည် ဥရောပသမိုင်းတွင် တွေ့ရှိဖူးသော အကြီးဆုံး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်ဖွယ်ရာရှိကြောင်း The Guardian သတင်းစာမှ သတင်းအရ သိရပါသည်။ ယင်း တူးဖော်တွေ့ရှိသော ဒိုင်နိုဆော ကျောက်ဖြစ် ရုပ်ကြွင်းအရ အဆိုပါ ဒိုင်နိုဆောသည် ၁၂ မီတာ မြင့်ပြီး ၂၅ မီတာ ရှည်လျားနိုင်သည်ဟု ခန့်မှန်းထားသည်။