တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲရဲ့လာဘ်ကောင် “Fu Yan” ပျံလာပါပြီ

(GMT+08:00)2022-09-01 14:54:16  

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ (CIFTIS) ကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ China National Convention Center နှင့် Shougang Park ၌ကျင်းပမည်ဖြစ်သည်။ CIFTIS ၏ လာဘ်ကောင်လေး “Fu Yan” ကို တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ ၎င်း၏အဓိကပုံစံကို ပေကျင်းပျံလွှားပုံစံမှရထားခြင်း ဖြစ်သည်။

ပျံလွှားသည် မင်္ဂလာရှိသောပြယုဂ်ဖြစ်ပြီး စည်ပင်သာယာမှု၊ တိုးတက်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို နိမိတ်ပြနေကာ လူများက သာယာချမ်းမြေ့သောဘဝအပေါ် တောင့်တမှုကိုပေါ်လွင်နေသည်။ CIFTIS ကောင်းမွန်စွာ ကြိုတင်စီစဉ်ပြီး အဆင်ပြေချောမွေ့စွာကျင်းပသည့်ဆန္ဒကို ပြသနေပါသည်။ ပျံလွှားငှက်၏ မြန်ဆန်ဖျက်လတ်သော ထူးခြားချက်ကြောင့် CIFISသည် ခေတ်သစ်တွင်  ဝန်ဆောင်မှု စီးပွားရေး လျင်မြန်စွာတိုးတက်လာပြီး ဈေးကွက်ဆွဲဆောင်မှုအားနှင့် တစ်ကမ္ဘာလုံးယှဉ်ပြိုင်မှုစွမ်းရည် အဆက်မပြတ်တိုးတက်လာမှုကို သင်္ကေတပြနေပြီး တရုတ်နိုင်ငံက ပြည်ပအပေါ် တံခါးဖွင့်မှု အတွက် အရေးကြီးပြပွဲပလက်ဖောင်း ဖြစ်လာသည်။