ဥရောပသမဂ္ဂ-ရုရှားအကြား ဗီဇာအဆင်ပြေရေး သဘောတူစာချုပ်ကို ဘက်စုံရပ်စဲရန် ဥရောပသမဂ္ဂ ဆုံးဖြတ်

(GMT+08:00)2022-09-01 14:50:41  

ဒေသစံတော်ချိန် သြဂုတ်လ ၃၁ ရက်နေ့က ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Jose Borrell သည် ထိုနေ့က ချက်နိုင်ငံ ပရပ်ဂ်မြို့တော်တွင် ကျင်းပသော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဥရောပသမဂ္ဂ-ရုရှားအကြား ဗီဇာအဆင်ပြေရေးသဘောတူစာချုပ်ကို ဘက်စုံရပ်စဲရန် ဆုံးဖြတ်လိုက်ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ပါသည်။ ၄င်းဆုံးဖြတ်ချက်ကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားပြည်သူများအား ပြည်ဝင်ရန် ကန့်သတ်နိုင်သည့်အပြင် ရုရှားပြည်သူများအား ဥရောပသမဂ္ဂ ဗီဇာလျှောက်ရန်လည်း ပိုမိုခက်ခဲလာစေမည် ဖြစ်ပါသည်။ Jose Borrell က လွန်ခဲ့သည့်လများတွင် နယ်စပ်ကုန်းလမ်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ ဝင်ရောက်လာသော ရုရှားပြည်သူ ဦးရေ သိသိသာသာ တိုးများလာသဖြင့် လုံခြုံရေးအန္တရာယ် အသင့်အတင့်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။