ရှေးခေတ် ရောမ စစ်တန်းလျားကို မိုးခေါင်မှုကြောင့် ပြန်လည် မြင်တွေ့ရ

(GMT+08:00)2022-09-01 14:51:27  

ဩဂုတ်လ ၃၀ ရက်နေ့က Fox News မှသတင်းအရ ဥရောပတွင် ပြင်းထန်သော အပူချိန်မြင့်မားခြင်းနှင့် ခြောက်သွေ့သောရာသီဥတုကြောင့် စပိန်နိုင်ငံ Galicia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြစ်တစ်စင်း၏ ရေမျက်နှာပြင်သည် မကြာသေးမီက ကျဆင်းသွားခဲ့ပြီး ရှေးဟောင်း ရောမ အဆောက်အအုံတစ်ခု၏ အပျက်အစီးများကို ပြန်လည်မြင်တွေ့စေသည်။ အဆိုပါ အဆောက်အအုံသည် မူလက စစ်တန်းလျားများ ဖြစ်ပြီး အေဒီ ၇၅ခုနှစ်တွင် တည်ဆောက်ခဲ့ကာ နှစ်ပေါင်း ၁၉၀၀ ကျော်သက်တမ်းရှိ၍ လွန်ခဲ့သည့် ရာစုနှစ်များတွင် စွန့်ပစ်ခံခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် ဒေသခံရေကာတာတည်ဆောက်ပြီးနောက် ယင်း ရှေးဟောင်းအဆောက်အအုံကို လုံးဝမြုပ်သွားခဲ့သည်။